Thursday, 31 July 2014

Dhama Pagoda Bell-Kamayut Media


ဓမ္မစေတီခေါင်းလောင်းကို နဂါးသိုက်ကစောင့်ရှောက်ထားလို့ သိပ္ပံနည်းနဲ့ ဆယ်မရဘူး
ရန်ကုန်မြစ်အောက်မှာ ပျောက်ဆုံးနေတယ်လို့ အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ မွန်ဘုရင် ဓမ္မစေတီရဲ့ ဓမ္မစေတီခေါင်းလောင်းကို မူလ တည်ထားတဲ့ ရွှေတိဂုံစေတီကုန်းတော်ပေါ် ပြန်လည်ထားရှိဖို့အတွက် ရန်ကုန်တိုင်းအစိုးရက ခွင့်ပြုချက်ပေးလိုက်ပါပြီ။ ဘယ်သူ့ကို ခွင့်ပြုပေးခဲ့တာလဲ။
ဓမ္မစေတီခေါင်းလောင်းကို ပြန်လည်ဆယ်ယူဖို့အတွက် ၁၉၉၇တုန်းက မြန်မာအစိုးရက စိတ်ဝင်စားခဲ့ပြီး အခုမှ တရားဝင် ဆယ်ယူခွင့်ကိုရတာဖြစ်တယ်လို့ ဦးဝင်းမြင့်က ဆိုပါတယ်။ ဓမ္မစေတီခေါင်းလောင်းကို ရေငုပ်သမား ၁ဝယောက်နဲ့ အစိုးရက သင်္ဘော ၃စင်းငှားရမ်းပြီး ဆယ်ယူချိန် တစ်ပတ်ကနေ တစ်လအထိ ကြာမြင့်မယ်လို့ ဆိုပါတယ်.

လာမယ့် ဝါခေါင်လဆန်းမှာ စတင်ဆယ်ယူမှာဖြစ်ပြီး လောကီနည်းအပြင် ပရလောကနည်းလမ်းတွေသုံးပြီး ရှာဖွေမှာဖြစ်တယ်လို့ ဦးဝင်းမြင့်က ဆိုပါတယ်။ သက္ကရာဇ် ၉၇၄ မှာ ပေါ်တူဂီလူမျိုး ငစင်ကာက ခေါင်းလောင်းကြီးကို သယ်ယူခဲ့ပြီး ရန်ကုန်မြစ်ထဲမှာ နစ်မြှုပ်ခဲ့တာလို့ ဆိုပါတယ်။
ခေါင်းလောင်ကြီးကို ဆယ်ယူရာမှာ အဓိကဖြစ်တဲ့ ဦးစံလင်းက ဓမ္မစေတီခေါင်းလောင်းကို ဆယ်ယူရေးအတွက် နိုင်ငံတော်အဆင့်ဆင့်ကို ခွင့်ပြုစာတင်ခဲ့ပြီး ရှာဖွေတူးဖော်ဖို့ မြန်မာ့နည်းမြန်မာ့ဟန် ပညာတွေကိုသုံးစွဲသွားမယ်လို့ ပြောပါတယ်။

ဓမ္မစေတီခေါင်းလောင်းဟာ ရန်ကုန်မြစ်ရဲ့ ရေအောက် ၂၇ပေနဲ့ မြေကြီးအောက် ၂၅ပေ စုစုပေါင်း ၅၂ပေအောက်မှာ တည်ရှိနေပြီး ၁၉၈၈ နိုဝင်ဘာ ၈ရက်နေ့မှာ တွေ့ရှိခဲ့တယ်လို့ ဦးစံလင်းက ဆိုပါတယ်။ ဦးစံလင်းပြောဆိုချက်အရတော့ ဓမ္မစေတီခေါင်းလောင်းဟာ အလေးချိန်အားဖြင့် တန်ချိန်ပေါင်း ၃ဝဝကျော်ပြီး ခေါင်းလောင်းကြီးကို သိပ္ပံနည်းကျ ဖော်ယူမယ်ဆိုရင် အဆင်မပြေဘူးလို့ ဆိုပါတယ်။ ရန်ကုန်မြစ်အောက်မှာ ရှိနေတဲ့ ဓမ္မစေတီခေါင်းလောင်းဟာ နဂါးသိုက်ရဲ့ စောင့်ရှောက်မှုအောက်မှ ရှိနေကြလို့ ပရလောကနည်းနာနဲ့ ဆယ်ယူရမယ်လို့ ဆိုပါတယ်။

No comments:

Post a Comment